Covid-19 ကူးစက်နှုန်း မပြန့်ပွားစေရန်နှင့် သဘာဝဘေးအန္တရာဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၁-၂၀၂၀)ရက်နေ့၊ (၀၈း၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့်ပူးပေါင်း၍ အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်အုပ်စု၊ ထန်းပင်ကန်‌ကျေးရွာ၊ ရွှေလှေကွင်းကျေးရွာ၊ လယ်ဦးကျေးရွာ၊ သဇင်ကွင်း‌ကျေးရွာ၊ အင်ကြင်းကုန်းကျေးရွာ၊ တာနားကျေးရွာနှင့် ဆုံကုန်းကျေးရွာအုပ်စု ဆုံကုန်းကျေးရွာ၊ ရွှေဥဒေါင်းကျေးရွာ၊ တာနား ကျေးရွာ၊‌ မြောက်စုကျေးရွာ၊ အလယ်ကွင်းကျေးရွာ၊ တံတားဦးကျေးရွာတို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်ဖြစ်ပွားမှု မဖြစ်ပွားစေရေး ပြည်သူသို့ပန်ကြားချက်အား အများပြည်သူများ သိရှိလိုက်နာ ရန် ကွင်းဆင်းလှည့်လှည်၍ အသိပညာပေးလုပ်ငန်းနှင့်ပြည်သူများသို့ Mask‌ ဝေငှခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_nov2020

Source:  အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events