မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း - လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲ​ဆောင်ရွက်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19 အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၂-၂၀၂၀) ရက်နေ့၊ (၀၇:၀၀) နာရီအချိန်မှ (၀၈:၃၀) နာရီအချိန်ထိ မင်းဘူးမြို့၊ အဝိုင်းပတ်၌ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ Coronavirus Disease Covid-19 ကာကွယ်၊ လျော့ပါးရေးအတွက် ဌာနဆိုင်ရာ များနှင့် ပူးပေါင်း၍ Mask များနှင့် အသိပညာပေးလက်ကမ်းစာစောင်များအား ပြည်သူများသို့ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_dec2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ခေတ္တာကျွန်းကျေးရွာ Cyclone Shelter တည်ဆောက်မှု(၅၀%) ပြီးစီးမှုစစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၆-၁၂-၂၀၂၀) ရက်နေ့တွင် ဖျာပုံမြိုနယ်ရှိ ခေတ္တာကျွန်းကျေးရွာ Cyclone Shelterတည်ဆောက်မှု(၅၀%) ပြီးစီးမှုကို Myanmar land ကုမ္ပဏီနှင့် Qc အဖွဲ့၊ လွတ်တော်ကိုယ်စားလှယ်အဖွဲ့နှင့်တာဝန်ရှိသူများနှင်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) #infra_dev #ayy_nov2020

  • ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ကြိမ်ကွင်းကျေးရွာအုပ်စု၊ ဒေါင့်ကြီးကျေးရွာတွင်(၄-၁၂-၂၀၂၀) ရက်နေ့(၂၃း၃၀)နာရီ အချိန် တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပျက်စီးနေအိမ် (၃)လုံး၊အိမ်ထောင်စု (၃)စုမှ လူဦး ရေ (၁၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၃)ပုံး၊ အိမ်ဆောက် ပစ္စည်း ဖိုး ထောက်ပံ့ငွေ (၃၀၀,၀၀ဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၂၉,၄၀ဝိ/-)၊ စုစုပေါင်း ရန်ပုံငွေ (၃၂၉,၄၀ဝိ/-) ကျပ်အား (၆-၁၂-၂၀၂၀)ရက်နေ့ (၁၅း၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများထံ … Read more

  • သေဆုံးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁၂-၂၀၂၀) ရက်နေ့တွင် မောင်တောမြို့နယ်၊ အောင်ဇံကျေးရွာအုပ်စု၊ အောင်ဇံကျေးရွာမှ တောဆင်ရိုင်း ရစ်ပတ်လွှင့်ပစ်မှုကြောင့် လူ(၁)ဦးသေဆုံးခဲ့ရာ အဆိုပါသေဆုံးသူ၏ ဇနီးဖြစ်သူထံ ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ (၇-၁၂-၂၀၂၀) ရက်နေ့တွင် တာဝန်ရှိသူမှထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #rke_nov2020

  • ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးပန္နက်တင် အခမ်းအနားဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ဦးစီးမှူးရုံးဆောက်လုပ်ခြင်း ပန္နက်တင် မင်္ဂလာအခမ်းအနား ကို(၆-၁၂-၂၀၂၀)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အတူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #office_dev #mgy_nov2020

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၁၂-၂၀၂၀)ရက် (၂၁:၂၀)နာရီခန့်တွင်မောင်တောမြို့၊ ရွှေဇားအုပ်စု၊ ရွှေဇားကပ္ပကောင်းကျေးရွာတွင် အာဆူမာ(ဘ)အူလာမျှာ၏နေအိမ်မှ မီးလောင်မှုဖြစ်ပွားခဲ့ရာ (၁၂ပေ ၁၅ပေ ၈ပေ)မြေစိုက်လူနေအိမ်(၄)လုံး မီးလောင်ဆုံရှုံးခဲ့ပြီး အဆိုပါမီးဘေးကြောင့်(၄)စုမှ လူဦးရေ(၂၄)ဦးတို့ မီးဘေးသင့်ခဲ့ရပြီးအဆိုပါ မီးဘေးသင့် အိမ်ထောင်စု(၄)စုအား ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အထစ(၄)စုစာ လူ(၂၄)ဦးအတွက်ဆန်(၇)ရက်စာဖိုးထောက်ပံငွေ(၅၀,၄၀ဝိ/-)၊ လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀ဝိ/-)နှုန်းဖြင့် လူနေအိမ်(၄)လုံးအတွက်ထောက်ပံ့ငွေ(၄၀၀,၀၀၀/-)ကျပ်အား (၆-၁၂-၂၀၂၀)နေ့တွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး #ha_fir #rke_dec2020