
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၁၂-၂၀၂၀)ရက် (၂၁:၂၀)နာရီခန့်တွင်မောင်တောမြို့၊ ရွှေဇားအုပ်စု၊ ရွှေဇားကပ္ပကောင်းကျေးရွာတွင် အာဆူမာ(ဘ)အူလာမျှာ၏နေအိမ်မှ မီးလောင်မှုဖြစ်ပွားခဲ့ရာ (၁၂ပေ ၁၅ပေ ၈ပေ)မြေစိုက်လူနေအိမ်(၄)လုံး မီးလောင်ဆုံရှုံးခဲ့ပြီး အဆိုပါမီးဘေးကြောင့်(၄)စုမှ လူဦးရေ(၂၄)ဦးတို့ မီးဘေးသင့်ခဲ့ရပြီးအဆိုပါ မီးဘေးသင့် အိမ်ထောင်စု(၄)စုအား ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အထစ(၄)စုစာ လူ(၂၄)ဦးအတွက်ဆန်(၇)ရက်စာဖိုးထောက်ပံငွေ(၅၀,၄၀ဝိ/-)၊ လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀ဝိ/-)နှုန်းဖြင့် လူနေအိမ်(၄)လုံးအတွက်ထောက်ပံ့ငွေ(၄၀၀,၀၀၀/-)ကျပ်အား (၆-၁၂-၂၀၂၀)နေ့တွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မောင်တောခရိုင်ဦးစီးမှူးရုံး
#ha_fir
#rke_dec2020