
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ကြိမ်ကွင်းကျေးရွာအုပ်စု၊ ဒေါင့်ကြီးကျေးရွာတွင်(၄-၁၂-၂၀၂၀) ရက်နေ့(၂၃း၃၀)နာရီ အချိန် တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပျက်စီးနေအိမ် (၃)လုံး၊အိမ်ထောင်စု (၃)စုမှ လူဦး ရေ (၁၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၃)ပုံး၊ အိမ်ဆောက် ပစ္စည်း ဖိုး ထောက်ပံ့ငွေ (၃၀၀,၀၀ဝိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၂၉,၄၀ဝိ/-)၊ စုစုပေါင်း ရန်ပုံငွေ (၃၂၉,၄၀ဝိ/-) ကျပ်အား (၆-၁၂-၂၀၂၀)ရက်နေ့ (၁၅း၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ
ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_rbe
#ayy_nov2020