Latest News
-
Covid-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၂-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီအချိန်မှ နေ့လည် (၁၁:၀၀) နာရီအချိန်အထိ သံတောင်ကြီး မြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော စီပင်ကလေးကျေးရွာ၊ ဥသျှစ်ကုန်းကျေးရွာနှင့် တောပြား ကလေးကျေးရွာတို့တွင် Covid -19 ကူးစက်ရောဂါပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့်အချက်များအား လောစပီကာဖြင့် ပြည်သူလူထုအတွင်း အသိပညာပေး ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာဆောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_dec2020 Source: သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ကုက္ကိုကျေးရွာအုပ်စု၊ ကုက္ကိုကျေးရွာ၌ (၇-၁၂-၂၀၂၀) ရက်နေ့၊ (၀၂း၃၀) နာရီအချိန်တွင် ဖြစ်ပွား ခဲ့သော မီးဘေးကြောင့် ပျက်စီးနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-) ကျပ်၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ထောက်ပံ့ငွေ (၂၁,၀၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၃) ပုံး၊ … Read more
-
Covid-19 အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လှိုင်းဘွဲ့မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၂-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်မှ နေ့လည် (၁၂:၀၀) နာရီအချိန်ထိ လှိုင်းဘွဲ့မြို့နယ်အတွင်း ဥဒေါင်း ကျေးရွာ၊ သိုက်တောကျေးရွာနှင့် ကျုံပကိုကျေးရွာတို့၌ Covid -19 ကူးစက်မြန်ရောဂါပြန့်ပွားမှု များ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား အသံချဲ့ စက်ဖြင့် ပြည်သူလူထုအတွင်း အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် Mask များ ဖြန့်ဝေပေးခြင်းကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_dec2020 Source: … Read more
-
မီးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၂၀) ရက်နေ့၌ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဆင်ကူးကြီးကျေးရွာအုပ်စု၊ ဆင်ကူးကြီးကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်း ပျက်စီးခဲ့သည့် နေအိမ် (၁၈)လုံး၊ အိမ်ထောင်စု (၁၈)စုမှ လူဦးရေ (၈၀)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၁၈)ပုံး တန်းဖိုးငွေ(၆၂၇၃၅၄/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၆၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၆၈၀၀၀/-)ကျပ်အား (၇-၁၂-၂၀၂၀)ရက်နေ့ (၁၉း၀၀)နာရီအချိန်တွင် ငပုတောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါ … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၂-၂၀၂၀) ရက်နေ့တွင် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အောက်မအူတုံးကျေးရွာ အုပ်စု၊ ကုန်းတန်းရွာသစ်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ပျက်စီးခဲ့သော နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ ဘေးသင့်လူဦးရေ (၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ(၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၆,၃၀၀ိ/-) ကျပ်၊ စုစုပေါင်း (၁၀၆,၃၀၀ိ/-) ကျပ်အား မော်လမြိုင် ကျွန်းမြို့နယ် အောက်မအူတုံးကျေးရွာအုပ်စု၊ ကုန်းတန်းရွာသစ်ကျေးရွာ၌ (၇-၁၂-၂၀၂၀) ရက်နေ့၊ (၁၆:၄၅) … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ် အကောင်အထည်ဖော်နိုင်ရေး အမျိုးသားအဆင့်ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကျင်းပ
~~~~~~ Source: MOSWRR ~~~~~~ ဒီဇင်ဘာ ၇ ၊ နေပြည်တော် ~~~~~~ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များပါဝင် ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ် အကောင်အထည်ဖော်နိုင်ရေး အမျိုးသားအဆင့်ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ယနေ့နံနက်တွင် ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်၍ Virtual Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ကော်မတီ၏ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက … Read more









