
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ကုက္ကိုကျေးရွာအုပ်စု၊ ကုက္ကိုကျေးရွာ၌ (၇-၁၂-၂၀၂၀) ရက်နေ့၊ (၀၂း၃၀) နာရီအချိန်တွင် ဖြစ်ပွား ခဲ့သော မီးဘေးကြောင့် ပျက်စီးနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-) ကျပ်၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ထောက်ပံ့ငွေ (၂၁,၀၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ (၃) ပုံး၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၂၁,၀၀ဝ/-)ကျပ်အား (၈-၁၂-၂၀၂၀)ရက်နေ့၊ (၁၁း၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့် ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#ayy_dec2020
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)