Covid-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍အသိပညာပေးဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၂-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီအချိန်မှ နေ့လည် (၁၁:၀၀) နာရီအချိန်အထိ သံတောင်ကြီး မြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော စီပင်ကလေးကျေးရွာ၊ ဥသျှစ်ကုန်းကျေးရွာနှင့် တောပြား ကလေးကျေးရွာတို့တွင် Covid -19 ကူးစက်ရောဂါပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့်အချက်များအား လောစပီကာဖြင့် ပြည်သူလူထုအတွင်း အသိပညာပေး ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာဆောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#ar
#krn_dec2020
Source: သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ (ဘစမ)

Sign Up

Upcoming Events