Latest News
-
ငလျင်ဘေးနှင့်မီးဘေး ဗီနိုင်းပိုစတာများချိတ်ဆွဲအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀- ၁၂ – ၂၀၂၀)ရက်နေ့တွင် ပြည်သူများအား သဘာ၀ဘေးနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်များအား လေ့လာကြည့်ရှု့နိုင်ရန်အတွက် ယင်းမာပင်မြို့၊ ယင်းမာပင်-ပုလဲ လမ်းမကြီး ဘေးရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကြော်ငြာသင်ပုန်းတွင် ငလျင်ဘေးနှင့် မီးဘေး ဗီနိုင်းများအားချိတ်ဆွဲအသိပညာ ပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ar #sgg_dec2020 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၂-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဗန်းမော်မြို့နယ်၊ လက်ပံတန်းကျေးရွာ၌ ဧရာ၀တီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးအနီးတွင်နေထိုင်သော လူနေအိမ်(၂)လုံး ဘေးလွှတ်ရာသို့ ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရာ ဘေးသင့်အိမ်ထောင်စု(၂)စု၊ လူဦးရေ(၁၅)ဦးတို့အတွက် တစ်ဦးလျှင်(၂,၁၀ဝိ/-) ကျပ်နှုန်းဖြင့် ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ (၃၁,၅၀ဝိ/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀ဝိ/-) ကျပ်၊ စုစုပေါင်း (၂၃၁,၅၀ဝိ/-) ကျပ်အား (၁၀-၁၂-၂၀၂၀) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်၌ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ် အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ ကောလင်းမြို့နယ်၊ မင်းတဲကြီးရပ်ကွက်တွင် (၈.၁၂.၂၀၂၀) ရက်နေ့၌ မီးဘေးသင့်အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀ိ/-)နှင့် ဘေးသင့်လူဦးရေ (၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၄၂၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၂၀၄၂၀၀ိ/-)အား (၉.၁၂.၂၀၂၀)ရက်နေ့(၁၃း၃၀)နာရီအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_dec2020 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၂-၂၀၂၀) ရက်နေ့၊(၁၀:၀၀)နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်ထိ ရေးမြို့နယ် ကိုးမိုင်ကျေးရွာအုပ်စု၊ မာန်အောင်ကျေးရွာများရှိ ပြည်သူများအား Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့်သဘာဝဘေးအန္တရာယ်နှင့်စပ်လျဥ်း၍ ဆောင်ရန်/ ရှောင်ရန် များကိုအသံ ချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်းနှင့်လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့အားဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_dec2020 Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၂-၂၀၂၀) ရက်နေ့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများ နှင့်အတူ လွိုင်လင်မြို့၊ ရပ်ကွက် (၄) ၊ မွေတော်တပ်ဦး ဘုန်းကြီးကျောင်း၊မွေတော်ဖီပြဘုရားစေတီတော်၌ သောက်သုံးရေများ အခက်အခဲတွေ့ကြုံနေပါသဖြင့်သောက်သုံးရေဂါလံ (၆၀၀၀) အား ဖြန့်ဝေ လှူဒါန်းပေးခဲ့ပါ ကြောင်းသတင်းရရှိပါသည်။ Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_drg #shn_dec2020
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဉတ္တရခရိုင်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် (၈-၁၂-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) အချိန်မှ (၁၄:၀၀) အချိန်အထိ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မင်းကုန်းကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ မီးလောင်ကုန်းကျေးရွာနှင့် သဲကျွန်းကျေးရွာများအတွင်းရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_dec2020 Source: ဉတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)









