Latest News
-
Covid-19 ကူးစက်ရောဂါအသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၁-၂၀၂၀)ရက်နေ့(၀၈၃၀)ချိန်မှ(၁၄၀၀)ချိန်ထိ မိုးညှင်းမြို့နယ်၊ နန့်ပုတ်ကျေးရွာ၊ ဆယ်မိုင်ကျေးရွာနှင့် သာယာကုန်းကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါကာကွယ်ရန် ပြည်သူများလိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းကို အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခဲ့ပြီး Mask နှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_nov2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
လေဖိအားနည်းရပ်ဝန်းအခြေအနေ **************************************** (၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်း၊ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် (၃၆)နာရီအတွင်း မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ အနောက်-အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ (၂.၁၂.၂၀၂၀) ရက်နေ့တွင် အိန္ဒိယနိုင်ငံ တမီးလ်နာဒူး (Tamil Nadu) ကမ်းခြေအနီးသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။” … Read more
-
Cyclone Shelter တည်ဆောက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု့မှုသတင်း
(၂၉-၁၁-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီမြို့နယ်၊ မြေမအုံကျေးရွာရှိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် တည်ဆောက်နေသည့် ၆၀x၆၀x၂၄ Cyclone Shelter အခြေအနေအား ကွင်းဆင်းကြည့်ရှု့ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #infra_dev #tny_nov2020 Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် မိုင်းကိုင်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရဌပါလလူမှုကူညီရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ (၂၆-၁၁-၂၀၂၀)ရက်နေ့တွင် လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ စုံလောကျေးရွာအုပ်စု၊ စုလောကျေးရွာရှိ ဘုန်းကြီးကျောင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်ဘာသာရေး အဆောက်အဦ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ် (၃၀၀၀၀၀/-)၊ သံဃာ(၁၄)ပါးအတွက် ဆန်ရိက္ခာဖိုး(၇) ရက်စာကျပ်(၂၉၄၀၀/-)၊ သံဃာများအတွက် သင်္ကန်း(၁၄)စုံ၊ (ပစ္စည်းတန်ဖိုး= ၁၃၂၀၀၀/-)နှင့် ထောက်ပံ့ငွေသားစုစုပေါင်း ကျပ်(၃၂၉၄၀၀-/)အားလည်းကောင်း၊ မြို့နယ်ဌာနဆိုင်ရာမှအလှူငွေကျပ်(၇၅၀၀၀၀/-)၊ ဆန်(၅)အိတ်၊ ခေါက်ဆွဲခြောက်(၁၀)ဖာအားလည်းကောင်း၊ ရဌပါလလူမှုရေးအသင်းမှ ဆန်(၃)အိတ်အားလည်းကောင်း၊ (၂၆-၁၁-၂၀၂၀)ရက်နေ့၊ … Read more
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်) “ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်း၊ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့တွင် ဖြစ်ပေါ် နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၃၆)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ Source: DMH
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) =============================================== “ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်း၊ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ် နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၄၈)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။” Source: DMH









