COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးနှင့် ဉတ္တရခရိုင်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် (၈-၁၂-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) အချိန်မှ (၁၄:၀၀) အချိန်အထိ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မင်းကုန်းကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ မီးလောင်ကုန်းကျေးရွာနှင့် သဲကျွန်းကျေးရွာများအတွင်းရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#npw_dec2020
Source: ဉတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events