
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၂-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဗန်းမော်မြို့နယ်၊ လက်ပံတန်းကျေးရွာ၌ ဧရာ၀တီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးအနီးတွင်နေထိုင်သော လူနေအိမ်(၂)လုံး ဘေးလွှတ်ရာသို့ ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရာ ဘေးသင့်အိမ်ထောင်စု(၂)စု၊ လူဦးရေ(၁၅)ဦးတို့အတွက် တစ်ဦးလျှင်(၂,၁၀ဝိ/-) ကျပ်နှုန်းဖြင့် ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ (၃၁,၅၀ဝိ/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀ဝိ/-) ကျပ်၊ စုစုပေါင်း (၂၃၁,၅၀ဝိ/-) ကျပ်အား (၁၀-၁၂-၂၀၂၀) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်၌ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ် အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_rbe
#kcn_nov2020