ကရင်ပြည်နယ်၊ အ.ထ.က (၅) ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က(အိန္ဒု)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း - လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲ​ဆောင်ရွက်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ရေသန့်ဆေးထုပ်များလှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁၂-၂၀၂၀)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် ကျွန်းလှမြို့နယ်၊ ကျီကုန်းကျေးရွာအုပ်စု၊ ကျီကုန်းကျေးရွာအတွင်း မြေသားကန်အသုံးပြု၍ သောက်သုံးရေသုံးစွဲလျက်ရှိသော မိဘပြည်သူများအတွက် သန့်ရှင်းသောသောက်ရေများသုံးစွဲနိုင်ရန် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံသို့ ရေသန့်ဆေးထုပ်(၂၄၀) ထုပ်ပါ (၃)ဖာ စုစုပေါင်းရေသန့်ဆေးထုပ်(၇၂၀)ထုပ်ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး သုံးစွဲမည့်မိဘပြည်သူများအား နည်းစနစ် မှန်ကန်စွာအသုံးပြုသုံးစွဲနိုင်ရေးအတွက် လက်တွေ့စမ်းသပ်သရုပ်ပြမှု‌ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #sgg_dec2020

  • မီးဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၂-၂၀၂၀) ရက်နေ့၌ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဒရယ်မီးရပ်ကွက်၊ မကျည်းတန်းလမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်ပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၄၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၉)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၈၉၀၀/-)ကျပ် စုစုပေါင်း ထောက်ပံ့ငွေ(၄၁၈၉၀၀/-) ကျပ်နှင့်ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုး(၂) အိမ် ထောင်စာတို့အား (၂၄-၁၂-၂၀၂၀) ရက်နေ့ (၁၆:၄၅) နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_fir #bgo_dec2020

  • ငလျင်ဘေးအသိပညာပေးဗီနိုင်းပိုစတာဆိုင်းဘုတ်စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၂-၂၀၂၀) ရက်နေ့၌ မိတ္ထီလာမြို့၊ မိတ္ထီလာကန်ဘောင်ဘေးရှိသုံးလမ်းခွဆုံ နေရာတွင် အများပြည်သူအများ ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား အလွယ်တကူသိရှိနားလည် ဖတ်ရှုနိုင်ရန်ဗွီနိုင်းပိုစတာမစိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mdy_dec2020

  • ရေသန့်ဆေးရည်များလှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တာဝန်ရှိသူများသည် (၂၄-၁၂-၂၀၂၀) ရက်နေ့တွင် ကနီမြို့နယ်၊ ဘုတ်ကုန်း ကျေးရွာအုပ်စုအတွင်း ချောင်းရေသောက်သုံးလျက်ရှိသော ကျေးရွာ (၄)ရွာတို့၌ သန့်ရှင်းသော သောက်သုံးရေရရှိစေရန်အတွက် ရေသန့်ဆေး (၂၄၀) ထုပ်ပါ (၆)ဖာအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ ဘုတ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံသို့သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းနှင့် ကျေးရွာသူ/ကျေးရွာသားများအား နည်းစနစ်တကျ မှန်ကန်စွာဖြင့် ရေသန့်ဆေးများအသုံးပြုနိုင်ရန်အတွက် လက်တွေ့သရုပ်ပြခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #sgg_dec2020 Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၂-၂၀၂၀) ရက်နေ့တွင် မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ကံမရပ်ကွက်၊ ကျောက်စစ်ပုံတောင်ကျေးရွာ၊ ကျောက်စစ်ပုံမြောက်ကျေးရွာ၊ ကံပြားကျေးရွာ၊ ဒါန်းပင်ကုန်းကျေးရွာနှင့် ရေကန်စုကျးရွာတို့တွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #sgg_dec2020

  • လက်သန့်ဆေးရည်များလှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၂-၂၀၂၀)ရက်နေ့ (၁၅:၃၀)နာရီအချိန်တွင် ဖောင်းပြင်မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအတွက် Hand Sanitizer (500ml) (၁၂၀)ဘူး၊ မြို့နယ်ပြည်သူ့ဆေးရုံ အတွက် Hand Sanitizer (500ml) (၅၀)ဘူး၊ အ. ထ. က(ဖောင်းပြင်) Quarantine Center အတွက် Hand Sanitizer (500ml) (၁၀)ဘူး၊ မြို့အဝင် ကျန်းမာရေးစစ်ဆေးရေးဂိတ်အတွက် Hand Sanitizer (500ml) (၁၀)ဘူးနှင့် မြို့အထွက် ကျန်းမာရေးစစ်ရေးဂိတ်အတွက် … Read more