
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၂-၂၀၂၀)ရက်နေ့ (၁၅:၃၀)နာရီအချိန်တွင် ဖောင်းပြင်မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအတွက် Hand Sanitizer (500ml) (၁၂၀)ဘူး၊ မြို့နယ်ပြည်သူ့ဆေးရုံ အတွက် Hand Sanitizer (500ml) (၅၀)ဘူး၊ အ. ထ. က(ဖောင်းပြင်) Quarantine Center အတွက် Hand Sanitizer (500ml) (၁၀)ဘူး၊ မြို့အဝင် ကျန်းမာရေးစစ်ဆေးရေးဂိတ်အတွက် Hand Sanitizer (500ml) (၁၀)ဘူးနှင့် မြို့အထွက် ကျန်းမာရေးစစ်ရေးဂိတ်အတွက် Hand Sanitizer (500ml) (၁၀)ဘူး၊ စုစုပေါင်းလက်သန့်ဆေးရည် (၂၀၀)ဘူးအား မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီ/ခန့် အဖွဲ့ဝင်များနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
Source: ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#otr
#sgg_dec2020