
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁၂-၂၀၂၀)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် ကျွန်းလှမြို့နယ်၊ ကျီကုန်းကျေးရွာအုပ်စု၊ ကျီကုန်းကျေးရွာအတွင်း မြေသားကန်အသုံးပြု၍ သောက်သုံးရေသုံးစွဲလျက်ရှိသော မိဘပြည်သူများအတွက် သန့်ရှင်းသောသောက်ရေများသုံးစွဲနိုင်ရန် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံသို့ ရေသန့်ဆေးထုပ်(၂၄၀) ထုပ်ပါ (၃)ဖာ စုစုပေါင်းရေသန့်ဆေးထုပ်(၇၂၀)ထုပ်ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး သုံးစွဲမည့်မိဘပြည်သူများအား နည်းစနစ် မှန်ကန်စွာအသုံးပြုသုံးစွဲနိုင်ရေးအတွက် လက်တွေ့စမ်းသပ်သရုပ်ပြမှုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)
#otr
#sgg_dec2020