လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၂-၂၀၂၀) ရက်နေ့၌ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဒရယ်မီးရပ်ကွက်၊ မကျည်းတန်းလမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့်ပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၄၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၉)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၈၉၀၀/-)ကျပ် စုစုပေါင်း ထောက်ပံ့ငွေ(၄၁၈၉၀၀/-) ကျပ်နှင့်ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုး(၂) အိမ် ထောင်စာတို့အား (၂၄-၁၂-၂၀၂၀) ရက်နေ့ (၁၆:၄၅) နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ha_fir
#bgo_dec2020