ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၁-၂၀၂၁) ရက်နေ့တွင် လျှပ်စစ်မိန်းခုံရှော့ဖြစ်၍ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့သော မြိတ် မြို့နယ်၊ ပသောင်းကျေးရွာအုပ်စု၊ ပသောင်းကျေးရွာ မီးဘေးသင့်လုံးဝပျက်စီး အိမ်ခြေ (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ မီးဘေးသင့် လူ ဦးရေ (၅၆) ဦးအတွက် (၇) ရက်စာဆန်ဖိုးထောက်ပံ့ငွေ (၁၁၇,၆၀၀/-) ကျပ်၊ ၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၁၇,၆၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး ပါ … Read more

  • လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ရွာသာကြီး၊ ရွာသာအေး၊ ရွာသာညွန့်ကျေးရွာတို့၌ (၃၀-၁-၂၀၂၁) ရက်​နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့်  လုံးဝပျက်စီးခဲ့သည့်နေအိမ် (၁၁) လုံး၊ အမိုးလန်​နေအိမ် (၂၆)လုံး၊ စုစုပေါင်း နေအိမ် (၃၇) အိမ်ထောင်စု (၃၇) မှ လူဦးရေ (၁၂၉)ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုး အိမ်ထောင်စု(၁၁)စုစာ တန်ဖိုး (၅၀၆၃၉၆/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာဖိုးဖေထောက်ပံ့ငွေ (၂၇၀၉၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၄၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း … Read more

  • Hygiene Kit-E နှင့်လက်သန့်ဆေးရည်ဘူးများထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၂-၂၀၂၁) ရက်နေ့ (၁ဝ:၀၀) နာရီအချိန်တွင် Covid-19 ကူးစက်ရောဂါ ကာကွယ်ရေးအတွက် အသုံးပြုနိုင်ရန် ရွှေဘိုတက္ကသိုလ် Quarantine Center အတွက် Hygiene Kit-E (၂၀) ဖာနှင့် လက်သန့်ဆေးရည် (500ml) (၁၀) ဘူးတို့အား သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_otr #sgg_feb2021 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀.၁.၂၀၂၁)ရက်နေ့ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပျဉ်ပုံကျေးရွာအုပ်စုနှင့် မကျည်းပင် ကျေးရွာအုပ်စုတို့မှ လေပြင်းကြောင့် လုံးဝပျက်စီးခဲ့သော နေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၂)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၂)သိန်း၊ အမိုးလန်အိမ် (၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၂၅၀၀၀/-)ကျပ်၊ စုစုပေါင်းလူဦးရေ (၂၆)ဦးအတွက် ဆန်ရိက္ခာဖိုး (၅၄၆၀၀/-)ကျပ်၊ စုစုပေါင်း (၄၇၉၆၀၀/-)ကျပ်အား (၁.၂.၂၀၂၁) ရက်နေ့ နံနက်(၁၀:၀၀)နာရီ တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_feb2021 Source: … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်စီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၂-၂၀၂၁) ရက်နေ့၌ ဘုရားသုံးဆူမြို့နယ်၊ ဖားပြကျေးရွာအုပ်စု၊ ဆိပ်ဖူးကုန်းရပ်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ ဘေးသင့်လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၀,၅၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀,၀၀၀၀/-)ကျပ်တို့အား (၁-၂-၂၀၂၁) ရက်နေ့၊ နံနက်(၁၁းဝ၀)နာရီအချိန်တွင် ဖားပြအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူထံသို့ လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #krn_feb2021 Source: ကြာအင်းဆိပ်ကြီးမြို့နယ်စီးမှူးရုံး (ဘစမ)

  • COVID-19 အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက် မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၁-၂၀၂၁) ရက်နေ့၊ နေ့လည်ပိုင်းတွင် ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်ကျေးရွာနှင့် ဆင်‌လျှော ကျေးရွာတို့၌ COVID-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့် ကျန်းမာ ရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများ ကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း ၊ Mask နှင့် အသိ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #shn_jan2021 Source: ရှမ်းပြည်နယ်ဦးစီမှူးရုံး … Read more