
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၁-၂၀၂၁) ရက်နေ့တွင် လျှပ်စစ်မိန်းခုံရှော့ဖြစ်၍ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့သော မြိတ် မြို့နယ်၊ ပသောင်းကျေးရွာအုပ်စု၊ ပသောင်းကျေးရွာ မီးဘေးသင့်လုံးဝပျက်စီး အိမ်ခြေ (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ မီးဘေးသင့် လူ ဦးရေ (၅၆) ဦးအတွက် (၇) ရက်စာဆန်ဖိုးထောက်ပံ့ငွေ (၁၁၇,၆၀၀/-) ကျပ်၊ ၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၁၇,၆၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး ပါ (၃) ပုံး တို့အား (၁-၂-၂၀၂၁) ရက်နေ့ (၁၆ : ၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်း ရရှိပါသည်။
#ha_fir
#tny_jan2021
Source: မြိတ်ခရိုင်ဦးစီမှူးရုံး (ဘစမ)