လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ရွာသာကြီး၊ ရွာသာအေး၊ ရွာသာညွန့်ကျေးရွာတို့၌ (၃၀-၁-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် လုံးဝပျက်စီးခဲ့သည့်နေအိမ် (၁၁) လုံး၊ အမိုးလန်နေအိမ် (၂၆)လုံး၊ စုစုပေါင်း နေအိမ် (၃၇) အိမ်ထောင်စု (၃၇) မှ လူဦးရေ (၁၂၉)ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုး အိမ်ထောင်စု(၁၁)စုစာ တန်ဖိုး (၅၀၆၃၉၆/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာဖိုးဖေထောက်ပံ့ငွေ (၂၇၀၉၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၄၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း (၃၁၇၇၂၉၆/-)ကျပ်အား (၁-၂-၂၀၂၁) ရက်နေ့ (၁၈:၀၀) နာရီအချိန်တွင် လေဘေးသင့် ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_feb2021
Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)