လေဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀.၁.၂၀၂၁)ရက်နေ့ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပျဉ်ပုံကျေးရွာအုပ်စုနှင့် မကျည်းပင် ကျေးရွာအုပ်စုတို့မှ လေပြင်းကြောင့် လုံးဝပျက်စီးခဲ့သော နေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၂)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၂)သိန်း၊ အမိုးလန်အိမ် (၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၂၅၀၀၀/-)ကျပ်၊ စုစုပေါင်းလူဦးရေ (၂၆)ဦးအတွက် ဆန်ရိက္ခာဖိုး (၅၄၆၀၀/-)ကျပ်၊ စုစုပေါင်း (၄၇၉၆၀၀/-)ကျပ်အား (၁.၂.၂၀၂၁) ရက်နေ့ နံနက်(၁၀:၀၀)နာရီ တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#bgo_feb2021

Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events