လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်စီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၂-၂၀၂၁) ရက်နေ့၌ ဘုရားသုံးဆူမြို့နယ်၊ ဖားပြကျေးရွာအုပ်စု၊ ဆိပ်ဖူးကုန်းရပ်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ ဘေးသင့်လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၀,၅၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀,၀၀၀၀/-)ကျပ်တို့အား (၁-၂-၂၀၂၁) ရက်နေ့၊ နံနက်(၁၁းဝ၀)နာရီအချိန်တွင် ဖားပြအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူထံသို့ လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#krn_feb2021
Source: ကြာအင်းဆိပ်ကြီးမြို့နယ်စီးမှူးရုံး (ဘစမ)