လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Mon state DRR Working group တို့ပူးပေါင်း၍ MAPDDR(2017)ပါ သဘာဝဘေးကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို (၅-၂-၂၀၂၀) ရက်နေ့(၉:၀၀)အချိန်၌ Hotel KS တွင် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ NGO၊ INGO များ စုစုပေါင်း အင်အား (၃၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို (၅-၂-၂၀၂၀)ရက်နေ့မှ (၆-၂-၂၀၂၀)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်
#ar
#mon_feb 2020
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)