လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၂၀)ရက်နေ့ (၁၀:၀၀)နာရီမှ (၁၂:၀၀)နာရီအချိန်အထိ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ အ-ထ-က(ကာဘိုး)ကျောင်းရှိ ကျောင်းသူ/ကျောင်းသား(၃၅၀)ဦးတို့အား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောနွေးခဲ့ပြီး တက်ရောက်လာသူများကို လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#sgg_feb 2020