သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်း(၅/၂ဝ၂ဝ)ဖွင့်လှစ်မှုနှင့်အနာကျက်ဆေးရည်၊ ရေသန့်ဆေးပြားများထောက်ပံ့ပေးအပ်မှုသတင်း

6_pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၂၀) ရက်နေ့တွင် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ မြိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုသင်တန်း(၅/၂ဝ၂ဝ)ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ မြိုင်မြို့နယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ သင်တန်းနည်းပြများနှင့် သင်တန်းများ စုစုပေါင်း(၇ဝ)ဦး တက်ရောက်ခဲ့ပြီးအဆိုပါအခမ်းအနား၌ မြိုင်မြို့နယ်၊ ပေါက်ရင်း ကျေးရွာနှင့်ငလင်းစေ့ကျေးရွာတို့မှ ပြောင်းရွှေ့အိမ်ထောင်စု(၁၆၈)စုအတွက် အနာကျက်ဆေးရည် (၁၀၀)ဘူး၊ ရေသန့်ဆေးပြား(၉၀၀၀)တို့အား မြိုင်မြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#mgy_feb2020

Sign Up

Upcoming Events