Latest News
-
ကူးစက်မြန်ရောဂါ COVID-19 ကြိုတင်ကာကွယ်ရေးအသိပညာပေးပန်ကြားခြင်းဆောင်ရွက်မှုသတင်း
(၁-၄-၂၀၂၀) ရက်နေ့ ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် ကူးစက်မြန်ရောဂါ COVID-19 ကြိုတင်ကာကွယ်ရေးနည်းလမ်းများမှ တစ်ခုဖြစ် သောအသိပညာပေးပန်ကြားခြင်းအား လင်းခေးမြို့နယ်၊ ဒါးဆိပ်ကျေးရွာအုပ်စု၊ နမ့်အွန်ရွာတွင် မြန်မာ၊ရှမ်း (၂) ဘာသာဖြင့် အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_apr2020 Source: လင်းခေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19ရောဂါကြို တင်ကာကွယ်ရေးအတွက် အသိပညာပေးကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ဌာနဆိုင်ရာများမှ တာဝန်ရှိသူများဖြင့်ပူးပေါင်း၍ (၁-၄-၂၀၂၀)ရက်နေ့ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူး စက်ပြန့်ပွါး လျက်ရှိသည့် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက်ဂန့်ဂေါခရိုင်အတွင်းယာဉ် ဝင်/ထွက်အတွက် စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mgy_apr2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှူးရုံး၊ ကျန်းမာရေး ဌာန၊ မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှတာဝန်ရှိသူများနှင့် အတူ (၃၁-၃-၂၀၂၀) ရက်နေ့တွင် ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ အိုးဖိုအရှေ့ရပ်ကွက်၊ အိုးဖိုအနောက်ရပ်ကွက်၊ မင်းပိုင်းရပ်ကွက်၊ စျေးသစ်ရပ်ကွက်၊ အုန်းပင်စုရပ်ကွက်၊ ကမ်းနားလမ်း၊ ညောင်တံခါးကျေးရွာ၊ ရှမ်းစုကျေးရွာများ၌လည်းကောင်း၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် (၁/၂/၃/၄/၆/၇/၈/၉/၁၀) ရပ်ကွက်များ၌လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအသိပညာပေးခြင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှထုတ်ပြန်ထားသော လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိိပါသည်။ #ar #ygn_apr2020 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
COVID 19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်းများ ဆောင်ရွက်ပေးမှုသတင်း
(၁-၄-၂၀၂၀)နေ့ နံနက်တွင် မြိတ်မြို့နယ်၊ ဒေါကျေးရွာ၊ ရာဇဘာကျေးရွာ၊ပပြင်ကျေးရွာ၊ ကြက်မအုပ်ကျေးရွာ၊ အထက်ပပြင်ကျေးရွာ၊ အလယ်ချောင်းကျေးရွာတို့တွင်လည်းကောင်း၊ ညနေတွင် မြိတ်တောင်ကျေးရွာအုပ်စုရှိ မီးပွိုင့်လမ်းဆုံ၊ အောင်မင်္ဂလာတိုးချဲ့ဈေး၊ ငါးလေလံ ဈေးနှင့် လေယာဥ်ကွင်းလမ်းဆုံတို့တွင်လည်းကောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်လူမှုဝန်ထမ်းရုံး၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့၊ အရန် မီးသတ်တပ်ဖွဲ့၊ ရပ်ကျေးအဖွဲ့များပူးပေါင်း၍ COVID 19 ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေး အသိပညာပေးဆော်သြခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်း ဗီနိုင်းပိုစတာကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #tny_apr2020 … Read more
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှူးရုံး၊ ကျန်းမာရေးဌာန၊ မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှတာဝန်ရှိသူများ၊ မုဒိတာပရဟိတအသင်းမှလူငယ်များနှင့် ပူးပေါင်း၍ (၁-၄-၂၀၂၀) ရက်နေ့တွင် ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ စံပြရပ်ကွက်၊ စျေးပိုင်းရပ်ကွက်၊ တောင်ဘက်ပိုင်းရပ်ကွက်များ၌လည်းကောင်း၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ မကျီးတန်းတောင်အရှေ့ရပ်ကွက်၊ စိန်ပန်းပင်လမ်းရပ်ကွက်၊ စျေးကြီးရပ်ကွက်၊ အိုးဘိုရပ်ကွက်၊ ထီးလေးရပ်ကွက်၊ ဘောဂရပ်ကွက်၊ ပန်းလှိုင်ရပ်ကွက်၊ ဆေးအိုးတန်းရပ်ကွက်များ၌လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအသိပညာပေးခြင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှထုတ်ပြန်ထားသော လက်ကမ်းစာစောင်များ၊ ဗီနိုင်းများဖြန့်ဝေခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိိပါသည်။ #ar #ygn_apr2020 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေး ဌာနတို့နှင့်ပူးပေါင်း၍ (၁-၄-၂၀၂၀) ရက်နေ့၊(၀၉:၀၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်အထိ မော်လမြိုင်ကျွန်းမြို့နယ်၊ စော်ကဲချောင်းကျေးရွာအုပ်စုအတွင်း၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို Hand Speaker ၊ Loud Speaker များဖြင့် အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိိပါသည်။ #ar #ayy_apr2020 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)









