COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှူးရုံး၊ ကျန်းမာရေး ဌာန၊ မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှတာဝန်ရှိသူများနှင့် အတူ (၃၁-၃-၂၀၂၀) ရက်နေ့တွင် ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ အိုးဖိုအရှေ့ရပ်ကွက်၊ အိုးဖိုအနောက်ရပ်ကွက်၊ မင်းပိုင်းရပ်ကွက်၊ စျေးသစ်ရပ်ကွက်၊ အုန်းပင်စုရပ်ကွက်၊ ကမ်းနားလမ်း၊ ညောင်တံခါးကျေးရွာ၊ ရှမ်းစုကျေးရွာများ၌လည်းကောင်း၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် (၁/၂/၃/၄/၆/၇/၈/၉/၁၀) ရပ်ကွက်များ၌လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအသိပညာပေးခြင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှထုတ်ပြန်ထားသော လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိိပါသည်။

#ar

#ygn_apr2020

Source:           ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events