(၁-၄-၂၀၂၀) ရက်နေ့ ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် ကူးစက်မြန်ရောဂါ COVID-19 ကြိုတင်ကာကွယ်ရေးနည်းလမ်းများမှ တစ်ခုဖြစ် သောအသိပညာပေးပန်ကြားခြင်းအား လင်းခေးမြို့နယ်၊ ဒါးဆိပ်ကျေးရွာအုပ်စု၊ နမ့်အွန်ရွာတွင် မြန်မာ၊ရှမ်း (၂) ဘာသာဖြင့် အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။
Source: လင်းခေးခရိုင်ဦးစီးမှူးရုံး (ဘစမ)