COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှူးရုံး၊ ကျန်းမာရေးဌာန၊ မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှတာဝန်ရှိသူများ၊ မုဒိတာပရဟိတအသင်းမှလူငယ်များနှင့် ပူးပေါင်း၍ (၁-၄-၂၀၂၀) ရက်နေ့တွင် ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ စံပြရပ်ကွက်၊ စျေးပိုင်းရပ်ကွက်၊ တောင်ဘက်ပိုင်းရပ်ကွက်များ၌လည်းကောင်း၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ​​​ကြည့်မြင်တိုင်​မြို့နယ်၊ မကျီးတန်းတောင်အရှေ့ရပ်ကွက်၊ စိန်ပန်းပင်လမ်းရပ်ကွက်၊ စျေးကြီးရပ်ကွက်၊ အိုးဘိုရပ်ကွက်၊ ထီးလေးရပ်ကွက်၊ ဘောဂရပ်ကွက်၊ ပန်းလှိုင်ရပ်ကွက်၊ ဆေးအိုးတန်းရပ်ကွက်များ၌လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအသိပညာပေးခြင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှထုတ်ပြန်ထားသော လက်ကမ်းစာစောင်များ၊ ဗီနိုင်းများဖြန့်ဝေခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိိပါသည်။

#ar

#ygn_apr2020

Source:           ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events