လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြဝတီရပ်ကွက်၊ နယ်မြေ(၁၃)၌ (၁၂-၈-၂၀၂၆)ရက်နေ့ (၁၀း၀၅)အချိန်ခန့်တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးခဲ့ သော လူနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-)၊ ဘေးသင့်လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၀,၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၁၂၀,၀၀ဝိ/-)နှင့် အိမ်ထောင်စု (၁) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁၀၇၆၇၈/-) တို့အား (၁၃-၈-၂၀၂၆)ရက်နေ့၊ (၁၀း၀၀) အချိန်တွင်၊ မြဝတီရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#fir
#npw_aug_2026
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး