COVID 19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်းများ ဆောင်ရွက်ပေးမှုသတင်း

(၁-၄-၂၀၂၀)နေ့ နံနက်တွင် မြိတ်မြို့နယ်၊ ဒေါကျေးရွာ၊ ရာဇဘာကျေးရွာ၊ပပြင်ကျေးရွာ၊ ကြက်မအုပ်ကျေးရွာ၊ အထက်ပပြင်ကျေးရွာ၊ အလယ်ချောင်းကျေးရွာတို့တွင်လည်းကောင်း၊ ညနေတွင် မြိတ်တောင်ကျေးရွာအုပ်စုရှိ မီးပွိုင့်လမ်းဆုံ၊ အောင်မင်္ဂလာတိုးချဲ့ဈေး၊ ငါးလေလံ ဈေးနှင့် လေယာဥ်ကွင်းလမ်းဆုံတို့တွင်လည်းကောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်လူမှုဝန်ထမ်းရုံး၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့၊ အရန် မီးသတ်တပ်ဖွဲ့၊ ရပ်ကျေးအဖွဲ့များပူးပေါင်း၍ COVID 19 ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေး အသိပညာပေးဆော်သြခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်း ဗီနိုင်းပိုစတာကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
#ar
#tny_apr2020
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events