Latest News
-
မီးဘေးသင့်ပြည်သူများအားသွားရောက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀)ရက်နေ့၊ (၀၈:၃၅) နာရီအချိန်၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဆင်ဂေါင်းကျေးရွာအုပ်စု၊ ဆင်ဂေါင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးမှ မီးဘေးသင့်ပျက်စီးနေအိမ်(၄)လုံးနှင့် ကြိုတင်ဖျက်သိမ်းနေအိမ်(၁)လုံးတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀,၀၀၀/-) ကျပ်၊ အိမ်ထောင်စု(၅)စုရှိ လူဦးရေ(၁၃)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၂၇,၃၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၅၂၇,၃၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုး (ပလပ်စတစ်ပုံး အပါ) (၄)အိမ်ထောင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(ပလပ်စတစ်ပုံးအပါ)(၁)အိမ်ထောင်စာတို့အား (၂-၄-၂၀၂၀)ရက်နေ့ (၁၅:ဝဝ)နာရီအချိန်တွင် မီးဘေးသင့်နေအိမ်၌ အုတ်ဖိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ … Read more
-
ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀)ရက်၊ (၀၉:၀၀)နာရီတွင် စစ်တွေမြို့ ၊ ခေါင်းဒုက္ခာ(၁)နှင့် ခေါင်းဒုက္ခာ(၂)IDP စခန်းများ၌ စခန်းနေပြည်သူများအတွက် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များအား စခန်းကော်မတီဝင်များနှင့်ပူးပေါင်း၍ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂.၄.၂၀၂၀) ရက်နေ့တွင် ဗန်းမော်မြို့နယ်ရှိ မြို့မရပ်ကွက်၊ မင်းကုန်းရပ်ကွက်၊ ရွှေကျီးနား ရပ်ကွက်နှင့် မိုးဖိန်းကျေးရွာ၊ တာမိုင်လုံကျေးရွာ စုစုပေါင်းရပ်ကွက် (၃) ခု၊ ကျေးရွာ(၂)ရွာအတွင်းသို့ သုညသုခပရဟိတ လူငယ်အသင်းနှင့်အတူလှည့်လည်၍ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ COVID- 19 ကာကွယ်၊ တားဆီးထိန်းချုပ် ကုသရေးဆိုင်ရာ ပြည်သူသို့ ပန်ကြားချက်အသိပညာပေးမှုအား hand speakerများဖြင့် လှည့်လည်ဟောပြောခြင်းနှင့် လက်ကမ်း စာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kcn_apr2020 … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ (၂-၄-၂၀၂၀) ရက်နေ့တွင် ကလေးမြို့နယ်၊ သာစည်ကျေးရွာ၊ ချင်းဆိုင်ကျေးရွာနှင့် ဇင်းကလင်းကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ကပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr2020 Source: ကလေးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၄-၂၀၂၀) ရက်နေ့တွင် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မိချောင်းတစ်ရာကျေးရွာအုပ်စု၊ မိချောင်းတစ်ရာကျေးရွာတွင် (၀၉း၀၀)နာရီအချိန်၌လည်းကောင်း၊ ဘဲဂရက်ကြီးကျေးရွာတွင် (၀၉း၄၅) နာရီအချိန်၌လည်းကောင်း၊ ကညင်ငူကျေးရွာတွင်(၁၀း၃၀)နာရီအချိန်၌လည်းကောင်း၊ ခုံဇင် ကုန်းကျေးရွာတွင် (၁၁း၅၀)နာရီအချိန်၌လည်းကောင်း၊ ရွာသစ်ကုန်းကျေးရွာတွင် (၁၂း၄၀) နာရီအချိန်၌လည်းကောင်း၊ မဂူကျွန်းကျေးရွာအုပ်စု၊ မဂူကျွန်းကျေးရွာတွင် (၁၃း၃၀) နာရီအချိန် ၌လည်းကောင်း၊ ကန်တော်ကျေးရွာတွင် (၁၄း၂၀)နာရီအချိန်၌လည်းကောင်း၊ ကန်ကြီးထောင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ ကျန်းမာရေး ဦးစီးဌာန၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ရပ်ကွက်/ ကျေးရွာနေ … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၁-၄-၂၀၂၀)ရက်နေ့(၉း၀၀)မှ(၁၁း၃၀) အချိန်ထိ ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊အမှတ်(၂) ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်တို့တွင် လှည့်လည်ကြေငြာခဲ့ ပြီး ထိုမှတဆင့်ဆက်လက်၍ (၁၃း၀၀) မှ(၁၆း၀၀)အချိန်ထိ ကြို့ပင်ကောက်မြို့နယ်အ နောက်တောင်/မြောက်ရပ်ကွက်၊ ဈေးချိုတောင်/မြောက်ရပ်ကွက်၊ ရွာမတောင်မြောက်ရပ်ကွက်၊ နွယ်ခွေရပ်ကွက်၊ စက်တိုင်ကုန်းရပ်ကွက်၊ ပန်းတင်ရပ်ကွက်၊ သဲကုန်းရပ်ကွက်တို့အတွင်းမော်တော်ကားဖြင့် အသံချဲ့စက်၊ လော်စပီကာ၊ hand speakerများဖြင့် Covid-19ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေငြာခြင်းနှင့် အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more









