Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၂.၄.၂၀၂၀) ရက်နေ့တွင် ဗန်းမော်မြို့နယ်ရှိ မြို့မရပ်ကွက်၊ မင်းကုန်းရပ်ကွက်၊ ရွှေကျီးနား ရပ်ကွက်နှင့် မိုးဖိန်းကျေးရွာ၊ တာမိုင်လုံကျေးရွာ စုစုပေါင်းရပ်ကွက် (၃) ခု၊ ကျေးရွာ(၂)ရွာအတွင်းသို့ သုညသုခပရဟိတ လူငယ်အသင်းနှင့်အတူလှည့်လည်၍ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ COVID- 19 ကာကွယ်၊ တားဆီးထိန်းချုပ် ကုသရေးဆိုင်ရာ ပြည်သူသို့ ပန်ကြားချက်အသိပညာပေးမှုအား hand speakerများဖြင့် လှည့်လည်ဟောပြောခြင်းနှင့် လက်ကမ်း စာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#kcn_apr2020

Source:    ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events