ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၄-၂၀၂၀) ရက်နေ့တွင် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မိချောင်းတစ်ရာကျေးရွာအုပ်စု၊ မိချောင်းတစ်ရာကျေးရွာတွင် (၀၉း၀၀)နာရီအချိန်၌လည်းကောင်း၊ ဘဲဂရက်ကြီးကျေးရွာတွင် (၀၉း၄၅) နာရီအချိန်၌လည်းကောင်း၊ ကညင်ငူကျေးရွာတွင်(၁၀း၃၀)နာရီအချိန်၌လည်းကောင်း၊ ခုံဇင် ကုန်းကျေးရွာတွင် (၁၁း၅၀)နာရီအချိန်၌လည်းကောင်း၊ ရွာသစ်ကုန်းကျေးရွာတွင် (၁၂း၄၀) နာရီအချိန်၌လည်းကောင်း၊ မဂူကျွန်းကျေးရွာအုပ်စု၊ မဂူကျွန်းကျေးရွာတွင် (၁၃း၃၀) နာရီအချိန် ၌လည်းကောင်း၊ ကန်တော်ကျေးရွာတွင် (၁၄း၂၀)နာရီအချိန်၌လည်းကောင်း၊ ကန်ကြီးထောင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ ကျန်းမာရေး ဦးစီးဌာန၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ရပ်ကွက်/ ကျေးရွာနေ ပြည်သူတို့အား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

Sign Up

Upcoming Events