Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၁-၄-၂၀၂၀)ရက်နေ့(၉း၀၀)မှ(၁၁း၃၀)

အချိန်ထိ ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊အမှတ်(၂)

ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်တို့တွင် လှည့်လည်ကြေငြာခဲ့

ပြီး ထိုမှတဆင့်ဆက်လက်၍ (၁၃း၀၀) မှ(၁၆း၀၀)အချိန်ထိ ကြို့ပင်ကောက်မြို့နယ်အ

နောက်တောင်/မြောက်ရပ်ကွက်၊ ဈေးချိုတောင်/မြောက်ရပ်ကွက်၊ ရွာမတောင်မြောက်ရပ်ကွက်၊

နွယ်ခွေရပ်ကွက်၊ စက်တိုင်ကုန်းရပ်ကွက်၊ ပန်းတင်ရပ်ကွက်၊ သဲကုန်းရပ်ကွက်တို့အတွင်းမော်တော်ကားဖြင့် အသံချဲ့စက်၊ လော်စပီကာ၊ hand speakerများဖြင့် Covid-19ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေငြာခြင်းနှင့် အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar

#bgo_apr2020

 

Source: ​       ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events