
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၄-၂၀၂၀)ရက်နေ့၊ (၀၈:၃၅) နာရီအချိန်၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဆင်ဂေါင်းကျေးရွာအုပ်စု၊ ဆင်ဂေါင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးမှ မီးဘေးသင့်ပျက်စီးနေအိမ်(၄)လုံးနှင့် ကြိုတင်ဖျက်သိမ်းနေအိမ်(၁)လုံးတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀,၀၀၀/-) ကျပ်၊ အိမ်ထောင်စု(၅)စုရှိ လူဦးရေ(၁၃)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၂၇,၃၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၅၂၇,၃၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုး (ပလပ်စတစ်ပုံး အပါ) (၄)အိမ်ထောင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(ပလပ်စတစ်ပုံးအပါ)(၁)အိမ်ထောင်စာတို့အား (၂-၄-၂၀၂၀)ရက်နေ့ (၁၅:ဝဝ)နာရီအချိန်တွင် မီးဘေးသင့်နေအိမ်၌ အုတ်ဖိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#bgo_apr2020