Latest News
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၂၀) ရက်နေ့ (၁၃:၃၀) အချိန်မှ (၁၉:၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ဒက္ခိဏသီရိမြို့နယ်၊ကူနှစ်လုံးဆယ်စုကျေးရွာအုပ်စု၊ သာယာစုကျေးရွာ၊ဆည်စုကျေးရွာ၊ ပိတောက်ကုန်းကျေးရွာ၊ ဂွေးတောက်ရိုးကျေးရွာ၊ မန်ကျည်းကုန်းကျေးရွာ၊ကျေးစာဥကျေးရွာ၊ ဒိုးနွယ်ကျေးရွာအုပ်စု၊ ဒိုးနွယ်ကျေးရွာ၊ရွာသစ်ကျေးရွာ၊ ရဲဒိကျေးရွာများအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_apr2020
-
COVID-19 ရောဂါနှင့် ပတ်သက်၍ ပြည်သူသို့အသိပညာပေးပန်ကြားချက်များကို လှည့်လည် ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ မာဃသဟာယ လူမှုအထောက်အကူပြု အဖွဲ့တို့ဖြင့်ပူးပေါင်းပြီး ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ အုတ်လှကျေးရွာ၊ လုံဟောကျေးရွာ၊ ဇာဟောကျေး ရွာ၊ တောင်ယာပြင်ကျေးရွာ၊ လုံခြုံကျေးရွာ၊ မကျည်းခင်ကျေးရွာ၊ ဇီးပြားကျေးရွာများသို့ (၆-၄-၂၀၂၀)ရက်နေ့ (၀၈:၀၀)နာရီမှ (၁၆:၀၀)နာရီအချိန်ထိ COVID-19 ရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူလူထု အသိပညာပေး ပန်ကြားချက်များကို လှည့်လည် ဟောပြော ဆောင်ရွက်ခဲ့ပါကြောင်း … Read more
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၂၀) ရက်နေ့ (၁၀:၀၀) အချိန်မှ (၁၃:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းကျေးရွာ အုပ်စု၊သီရိမင်္ဂလာကျေးရွာ၊ရွှေခဲအင်းကျေးရွာ၊ကျောက်ခဲအင်းကျေးရွာ၊ ကျွဲတဲကျေးရွာများအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာလိုက်လံ အသိပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_apr2020
-
သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၄-၂၀၂၀) ရက်နေ့တွင် သာစည် မြို့နယ်၊ ကံသစ်ကုန်းကျေးရွာနှင့်ရွာပုလဲကြီးကျေးရွာတို့ရှိ ကျေးရွာနေပြည်သူများအား သောက်ရေဂါလံ (၃,၆၀၀) ကို သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_drg #mdy_apr2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၄-၂၀၂၀) ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံးကျေးရွာအုပ်စု၊ မမသောင်အနောက်ကျေးရွာနှင့် ဘန်လောကျေးရွာအုပ်စု၊ သမီးလှအနောက်ကျေးရွာတို့မှ လေပြင်းဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့်နေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး(၂)စုစာ၊ အမိုးပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေ (၇၀,၀၀၀/-) ကျပ်၊ အမိုးပျက်စီးဘုန်းကြီးကျောင်း (၂) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၁၅) ဦးအတွက် ဆန်ရိက္ခာဘိုးထောက်ပံ့ငွေ (၃၁,၅၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၀၁,၅၀၀) … Read more
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၂၀)ရက်နေ့တွင် (၀၉:၀၀)အချိန်မှစ၍ (၁၇:၀၀)အချိန်ထိ ပုလဲမြို့နယ်အတွင်းရှိ သင်တီးကန်အနောက်ရွာ၊ သင်တီးကန်အရှေ့ရွာ၊ မုံကြိုင်းကျေးရွာ၊ သတ္တရာကျေးရွာ၊ ပုထိုးသာကျေးရွာ၊ ရွာသစ်ကျေးရွာ၊ မင်းတိုင်ပင်ကျေးရွာ၊ လက်ပုကန်ကျေးရွာ၊ ကုက္ကိုကုန်းကျေးရွာ၊ နွယ်ရှောက်ကျေးရွာ၊ ကျွန်းဘိုကုန်းကျေးရွာ၊ မြကုန်းကျေးရွာမင်းရွာကျေးရွာ များအတွင်း အသံချဲ့စက်ဖြင့် Covid_19ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လိုက်နာရန်အချက်များအား ယင်းမာပင်မြို့ သင်္ဂဟ လူမှုကူညီရေးအသင်း နှင့်အတူ လိုက်လံအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါကြောင်းနှင့် ပြည်သူသို့ပန်ကြားချက်များအား ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_apr2020









