လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၂၀) ရက်နေ့ (၁၃:၃၀) အချိန်မှ (၁၉:၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေးခြင်းကို ဒက္ခိဏသီရိမြို့နယ်၊ကူနှစ်လုံးဆယ်စုကျေးရွာအုပ်စု၊ သာယာစုကျေးရွာ၊ဆည်စုကျေးရွာ၊ ပိတောက်ကုန်းကျေးရွာ၊ ဂွေးတောက်ရိုးကျေးရွာ၊ မန်ကျည်းကုန်းကျေးရွာ၊ကျေးစာဥကျေးရွာ၊ ဒိုးနွယ်ကျေးရွာအုပ်စု၊ ဒိုးနွယ်ကျေးရွာ၊ရွာသစ်ကျေးရွာ၊ ရဲဒိကျေးရွာများအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံအသိပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
#ar
#npw_apr2020