လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၄-၂၀၂၀) ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံးကျေးရွာအုပ်စု၊ မမသောင်အနောက်ကျေးရွာနှင့် ဘန်လောကျေးရွာအုပ်စု၊ သမီးလှအနောက်ကျေးရွာတို့မှ လေပြင်းဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့်နေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး(၂)စုစာ၊ အမိုးပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေ (၇၀,၀၀၀/-) ကျပ်၊ အမိုးပျက်စီးဘုန်းကြီးကျောင်း (၂) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဘိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၁၅) ဦးအတွက် ဆန်ရိက္ခာဘိုးထောက်ပံ့ငွေ (၃၁,၅၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၀၁,၅၀၀) ကျပ်အား (၆-၄-၂၀၂၀) ရက်နေ့ (၁၅:၃၀) အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#tny_apr2020
Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)