လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၄-၂၀၂၀) ရက်နေ့တွင် သာစည် မြို့နယ်၊ ကံသစ်ကုန်းကျေးရွာနှင့်ရွာပုလဲကြီးကျေးရွာတို့ရှိ ကျေးရွာနေပြည်သူများအား သောက်ရေဂါလံ (၃,၆၀၀) ကို သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)