COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၂၀)ရက်နေ့တွင် (၀၉:၀၀)အချိန်မှစ၍ (၁၇:၀၀)အချိန်ထိ ပုလဲမြို့နယ်အတွင်းရှိ သင်တီးကန်အနောက်ရွာ၊ သင်တီးကန်အရှေ့ရွာ၊ မုံကြိုင်းကျေးရွာ၊ သတ္တရာကျေးရွာ၊ ပုထိုးသာကျေးရွာ၊ ရွာသစ်ကျေးရွာ၊ မင်းတိုင်ပင်ကျေးရွာ၊ လက်ပုကန်ကျေးရွာ၊ ကုက္ကိုကုန်းကျေးရွာ၊ နွယ်ရှောက်ကျေးရွာ၊ ကျွန်းဘိုကုန်းကျေးရွာ၊  မြကုန်းကျေးရွာမင်းရွာကျေးရွာ များအတွင်း အသံချဲ့စက်ဖြင့် Covid_19ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လိုက်နာရန်အချက်များအား ယင်းမာပင်မြို့ သင်္ဂဟ လူမှုကူညီရေးအသင်း နှင့်အတူ  လိုက်လံအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါကြောင်းနှင့်  ပြည်သူသို့ပန်ကြားချက်များအား ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#sgg_apr2020

Sign Up

Upcoming Events