ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြဝတီရပ်ကွက်၊‌ နယ်မြေ(၁၃)၌ မီးဘေးထောက်ပံ့မှုသတင်း - လေသာကျောင်း ယာယီ​ရေ​ဘေးကယ်ဆယ်​ရေးစခန်းနှင့် မိုးလုံလေလုံ ယာယီ​ရေ​ဘေးကယ်ဆယ်​ရေး စခန်းတို့တွင် ရေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ မြိင်ကလေးစျေး၊ မြိုင်ကလေးကျေးရွာတို့၌  အသိပညာပေး ဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ ကူးဆိပ်ကျေးရွာ၊ လှာကာကျေးရွာ၊ ဘားပုကျေးရွာ၊ မုက္ကဒိကျေးရွာတို့၌ အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - ဘားအံမြို့နယ်၊ တရုတ်လှစံပြကျေးရွာ၊ ဘားကပ်ဈေး၊ ဘားကပ်ကျေးရွာ၊ ကော့ဂွန်းကျေးရွာ၊ နှစ်ခြားကျေး ရွာ၊ ရသေ့ပျံကျေးရွာတို့၌ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ်(၄၊ ၆၊ ၇၊ ၈)ရပ်ကွက်၊ သီရိဈေး၊ မြို့မဈေးကြီး၊ ကမော့ကစင်ရွာသစ်၊ ရဲသာရွာသစ်၊ နောင်လိုင်တို့၌  အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ အမှတ်(၁၊ ၂၊ ၃၊ ၅၊ ၉) ရပ်ကွက်၊ လှာကမြင်စျေး၊ လှာကမြင်ကွက် သစ်တို့၌ အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ လက်ခုပ်ကျေးရွာအုပ်စု၊ လက်ခုပ်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးကျေးရွာ အ.ထ.က(ခွဲ)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ နဒီအောင်မြေရပ်ကွက်၊ စက်တန်းလမ်း၌ မြေပြိုဘေးထောက်ပံ့မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • မြိတ်မြို့နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ​ ​ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၄-၂၀၂၀)ရက်နေ့တွင် မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကုန်းမြင့်သာယာရပ်ကွက်နှင့် မရင်းငယ်ဖျားကျေးရွာတို့၌ COVID 19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအသိပညာပေးဆော်သြခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း တို့အား ရပ်ကျေးအဖွဲ့နှင့်ပူးပေါင်း၍သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ #ar #tny_apr2020

  • ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ​ ​ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်  (၁၂-၄-၂၀၂၀) ရက်နေ့ (၂၀:၀၀)နာရီချိန်​မှ စတင်​၍  ဟင်္သာတမြို့နယ်​အတွင်းရှိ ​လယ်​တီရပ်​ကွက်​၊ လယ်​တီမြို့သစ်​ရပ်​ကွက်​နှင့် ပခန်းချောင်းရပ်​ကွက်​တို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျှက်ရှိသော COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် များအား ရပ်ကွက်/​​ကျေးရွာနေပြည်သူများအား အသိပညာပေးနှိုး​ဆော်​ခြင်းများကို ​ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020

  • ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ​ ​ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၄-၂၀၂၀)ရက်တွင် (၀၉:၀၀)နာရီမှ(၁၅:၀၀)နာရီထိ စစ်တွေမြို့ပေါ်ရှိ တိုက်ပွဲရှောင်စုရပ်များဖြစ်သော ဝိဘဇ္ဇဝါဒီကျောင်းတိုက်၊ မဟာဇေယျသိဒ္ဓိပဌာန်းဘုန်း‌‌တော်ကြီးကျောင်း၊ ဒက္ခေါန်းကျောင်းတိုက်၊ မဏိရတနာကျောင်းတိုက်၊ ဃောသိတာရုံဘုန်းတော်ကြီးကျောင်း၊ ဆည်ကြီးဘုန်းတော်ကြီး‌ ကျောင်းတိုက်၊ အမျိုးသားကျောင်းတိုက်များသို့သွားရောက်၍ တိုက်ပွဲရှောင်ပြည်သူများအတွက် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး Handspeaker ဖြင့် ဆောင်ရန်၊ရှောင်ရန်များ အသိပေး  ဆော်သြခဲ့ကြကြောင်း သတင်းရရှိပါသည်။ #ar #rke_apr2020

  • ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ​ ​ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၄-၂၀၂၀)ရက်နေ့တွင် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ကျောက်ချောင်းကြီးကျေးရွာအုပ်စု၊ ကျောက်ချောင်းကြီးကျေးရွာနှင့် စက်ကုန်းကျေးရွာတို့၌လည်းကောင်း၊ ကြောင်ပန်းကုန်းကျေးရွာအုပ်စု ၊ ကြောင်ပန်းကုန်ကျေးရွာ၌လည်းကောင်း၊ ကမ်းနီကျေးရွာအုပ်စု၊ ကမ်းနီဖျားကျေးရွာ၊ လှည်းကျော်ကုန်းကျေးရွာ၊ စိန်ကုန်းကျေးရွာ၊ သံဘက်လမ်းဆုံကျေးရွာ၌လည်းကောင်း၊ သစ်ပုတ်ကုန်းကျေးရွာအုပ်စု၊ သစ်ပုတ်ကုန်းကျေးရွာနှင့် ရွာသစ်ကုန်းကျေးရွာတို့၌လည်းကောင်း၊ ကြက်ပေါင်ကုန်းကျေးရွာအုပ်စု၊ ကြက်ပေါင်ကုန်းကျေးရွာနှင့် စာဖြူကုန်းကျေးရွာတို့၌လည်းကောင်း၊ ရေမနေပင်ကိုင်းကျေးရွာအုပ်စု၊ ရေမနေပင်ကိုင်းကျေးရွာ၊ တာပိုင်းရပ်ကွက်၊ ရေအိုးစင်ရပ်ကွက်၊ အမှတ်(၉)ရပ်ကွက်နှင့်အမှတ်(၁၀)ရပ်ကွက်တို့၌လည်းကောင်း၊       လတ်တလောနိုင်ငံအသီးသီးတွင်ကူးစက် ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ရပ်ကွက်နေပြည်သူများအား အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ကြောင်း … Read more

  • ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ​ ​ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၄-၂၀၂၀)ရက်နေ့ (၁၄၀၀)နာရီအချိန်မှစ၍ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၌ လည်းကောင်း၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ အုတ်စီကုန်းကျေးရွာ၌လည်းကောင်း၊ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု၊ ပျဉ်းကတိုးကုန်းကျေးရွာ၌လည်းကောင်း၊ အမှတ်(၁၃)ရပ်ကွက်၊ ဆီဆုံကုန်းလမ်း၊ ကင်မလင်းကျွန်းလမ်း၊ ကောင်းသန့်ရေစက်လမ်း၊ ကုန်းကြီးကျေးရွာနှင့် မြက်တို၌လည်းကောင်း၊ မြို့ချောင်းကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာ၊ အောင်မင်္ဂလာကျေးရွာ၊ မြို့ချောင်းကျေးရွာတို့၌ လည်းကောင်း၊ အမှတ်(၁၅)ရပ်ကွက်၌လည်းကောင်း၊ ကိုးဆူကျေးရွာအုပ်စု၊ ကိုးဆူစံပြကျေးရွာ၊ သဲဂရက်ကျေးရွာ၊ ဖိုးရွှေမြကုန်းကျေးရွာတို့၌လည်းကောင်း၊ အမှတ်(၁)ရပ်ကွက်၌လည်းကောင်း၊ အမှတ်(၁၁)ရပ်ကွက်၊ နတခ၌လည်းကောင်း လတ်တလောနိုင်ငံအသီးသီးတွင်ကူးစက် ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ … Read more

  • COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးကွင်းဆင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများဖြင့်ပူးပေါင်း၍ (၁၂-၄-၂၀၂၀)ရက်နေ့ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန် ထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွါးလျက်ရှိသည့် COVID-19 ရောဂါကြိုတင်ကာကွယ် ရေးအတွက် ဂန့်ဂေါခရိုင်အတွင်း ယာဉ်ဝင်/ထွက်အတွက် စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် ပြည်တွင်း/ပြည်ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mgy_apr2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)