လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၄-၂၀၂၀)ရက်နေ့တွင် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ကျောက်ချောင်းကြီးကျေးရွာအုပ်စု၊ ကျောက်ချောင်းကြီးကျေးရွာနှင့် စက်ကုန်းကျေးရွာတို့၌လည်းကောင်း၊ ကြောင်ပန်းကုန်းကျေးရွာအုပ်စု ၊ ကြောင်ပန်းကုန်ကျေးရွာ၌လည်းကောင်း၊ ကမ်းနီကျေးရွာအုပ်စု၊ ကမ်းနီဖျားကျေးရွာ၊ လှည်းကျော်ကုန်းကျေးရွာ၊ စိန်ကုန်းကျေးရွာ၊ သံဘက်လမ်းဆုံကျေးရွာ၌လည်းကောင်း၊ သစ်ပုတ်ကုန်းကျေးရွာအုပ်စု၊ သစ်ပုတ်ကုန်းကျေးရွာနှင့် ရွာသစ်ကုန်းကျေးရွာတို့၌လည်းကောင်း၊ ကြက်ပေါင်ကုန်းကျေးရွာအုပ်စု၊ ကြက်ပေါင်ကုန်းကျေးရွာနှင့် စာဖြူကုန်းကျေးရွာတို့၌လည်းကောင်း၊ ရေမနေပင်ကိုင်းကျေးရွာအုပ်စု၊ ရေမနေပင်ကိုင်းကျေးရွာ၊ တာပိုင်းရပ်ကွက်၊ ရေအိုးစင်ရပ်ကွက်၊ အမှတ်(၉)ရပ်ကွက်နှင့်အမှတ်(၁၀)ရပ်ကွက်တို့၌လည်းကောင်း၊ လတ်တလောနိုင်ငံအသီးသီးတွင်ကူးစက် ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ရပ်ကွက်နေပြည်သူများအား အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_apr2020