လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၄-၂၀၂၀)ရက်တွင် (၀၉:၀၀)နာရီမှ(၁၅:၀၀)နာရီထိ စစ်တွေမြို့ပေါ်ရှိ တိုက်ပွဲရှောင်စုရပ်များဖြစ်သော ဝိဘဇ္ဇဝါဒီကျောင်းတိုက်၊ မဟာဇေယျသိဒ္ဓိပဌာန်းဘုန်းတော်ကြီးကျောင်း၊ ဒက္ခေါန်းကျောင်းတိုက်၊ မဏိရတနာကျောင်းတိုက်၊ ဃောသိတာရုံဘုန်းတော်ကြီးကျောင်း၊ ဆည်ကြီးဘုန်းတော်ကြီး ကျောင်းတိုက်၊ အမျိုးသားကျောင်းတိုက်များသို့သွားရောက်၍ တိုက်ပွဲရှောင်ပြည်သူများအတွက် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး Handspeaker ဖြင့် ဆောင်ရန်၊ရှောင်ရန်များ အသိပေး ဆော်သြခဲ့ကြကြောင်း သတင်းရရှိပါသည်။
#ar
#rke_apr2020