လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၄-၂၀၂၀)ရက်နေ့ (၁၄၀၀)နာရီအချိန်မှစ၍ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၌ လည်းကောင်း၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ အုတ်စီကုန်းကျေးရွာ၌လည်းကောင်း၊ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု၊ ပျဉ်းကတိုးကုန်းကျေးရွာ၌လည်းကောင်း၊ အမှတ်(၁၃)ရပ်ကွက်၊ ဆီဆုံကုန်းလမ်း၊ ကင်မလင်းကျွန်းလမ်း၊ ကောင်းသန့်ရေစက်လမ်း၊ ကုန်းကြီးကျေးရွာနှင့် မြက်တို၌လည်းကောင်း၊ မြို့ချောင်းကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာ၊ အောင်မင်္ဂလာကျေးရွာ၊ မြို့ချောင်းကျေးရွာတို့၌ လည်းကောင်း၊ အမှတ်(၁၅)ရပ်ကွက်၌လည်းကောင်း၊ ကိုးဆူကျေးရွာအုပ်စု၊ ကိုးဆူစံပြကျေးရွာ၊ သဲဂရက်ကျေးရွာ၊ ဖိုးရွှေမြကုန်းကျေးရွာတို့၌လည်းကောင်း၊ အမှတ်(၁)ရပ်ကွက်၌လည်းကောင်း၊ အမှတ်(၁၁)ရပ်ကွက်၊ နတခ၌လည်းကောင်း လတ်တလောနိုင်ငံအသီးသီးတွင်ကူးစက် ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ရပ်ကွက်နေပြည်သူများအား အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_apr2020