Latest News
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီမှနေ့လည်(၁၂:၀၀) နာရီချိန်ထိ ကြာအင်းဆိပ်ကြီးမြို့ခုဒုံကျေးရွာ၊ အစွန်းကျေးရွာ၊ လန်းဖား ကျေးရွာ ၊ ကော့ဆိုင်ကျေးရွာတို့တွင်လှည့်လည်ပြီး လတ်တလောနိုင်ငံတိုင်းတွင်ဖြစ်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရေှာင်ရန်များကို ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_apr2020 Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်မှစ၍ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ မြို့မဈေး၊ မြစိမ်းရပ်ကွက်၊ သီရိဟေမာရပ်ကွက်၊ ပုလဲအောင် မြေရပ်ကွက်၊ ကမ်းနားလမ်း၊ နဒီအောင်မြေရပ်ကွက်တို့တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်တို့အား ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_ apr 2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀) ရက်နေ့တွင် တာချီ လိတ်မြို့၊ လွယ်စတုံကျေးရွာ၌Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက် ရမည့်အချက်များကို ရှမ်းဘာသာ၊ မြန်မာဘာသာဖြင့် လှည့်လည်ဆော်သြခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၁-၄-၂၀၂၀) ရက်နေ့ နံနက် (၀၉း၃၀) အချိန်မှ (၁၀း၃၀) အချိန်အထိ ကျောက်ဖြူမြို့နယ်၊ ရေနံတောင်ကျေးရွာတွင် COVID-19 ရောဂါ နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေးဆောင်ရွက်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း Hand Speaker ဖြင့် လိုက်လံနှိုးဆော်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #rke_ apr 2020
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းကင်းမြို့နယ်၊ တင်ဘက်ကျေးရွာ၊ တောင်အောက်ကျေးရွာ၊ အထက်စသာကျေးရွာ၊ အောက်စသာကျေးရွာ၊ ပွင့်လျက်ကျေးရွာတို့၌ (၂၁-၄-၂၀၂၀) နေ့တွင် Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေး ကြေငြာခြင်း၊ လက်ကမ်းစာစောင် ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr2020 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၄-၂၀၂၀) ရက်နေ့တွင် လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်/ပြိုကျ ပျက်စီးသွားခဲ့သော အိမ်ထောင်စု(၉)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၈၀၆၀၀၀/-)ကျပ်နှင့် အိမ်ထောင်စု(၉)စု၏ လူဦးရေ ( ၃၉ )ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၁၉၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၈၈၇၉၀၀/-) ကျပ် တိတိနှင့် ပြိုကျ ပျက်စီးသွားသော အိမ်ထောင်စု( ၅ )စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂)မျိုးပါ (၅)ပုံး … Read more









