လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၄-၂၀၂၀) ရက်နေ့တွင် လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်/ပြိုကျ ပျက်စီးသွားခဲ့သော အိမ်ထောင်စု(၉)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၈၀၆၀၀၀/-)ကျပ်နှင့် အိမ်ထောင်စု(၉)စု၏ လူဦးရေ ( ၃၉ )ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၁၉၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၈၈၇၉၀၀/-) ကျပ် တိတိနှင့် ပြိုကျ ပျက်စီးသွားသော အိမ်ထောင်စု( ၅ )စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂)မျိုးပါ (၅)ပုံး တို့အား (၂၁-၄-၂၀၂၀) ရက်နေ့ ( ၁၁.၀၀)နာရီအချိန်တွင် လေဘေးသင့်ပြည်သူများအရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။
Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#shn_ apr 2020