Latest News
-
Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများဖြင့်ပူးပေါင်း၍ (၂၄-၄-၂၀၂၀)ရက်နေ့ (ဝ၈:၃၀) နာရီမှ (၁၇:၃၀) နာရီအချိန်ထိ လတ်တလော နိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွါးလျက်ရှိသည့် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက်ဂန့်ဂေါခရိုင်အတွင်းယာဉ် ဝင်/ထွက်အတွက် စီးနင်းလိုက်ပါလာသော ခရီးသည်များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_ apr 2020
-
Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၂၀) ရက်နေ့ (၁၇၀၀) အချိန်၌ မိုးညှင်းမြို့နယ်၊ ဇီးကုန်းကျေးရွာတွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ လိုက်နာရမည့် အချက်များအား သိရှိစေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar # kcn_ apr 2020
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ညှိနှိုင်း၍ (၂၆-၄-၂၀၂၀) ရက်နေ့တွင် သောက်သုံးရေ အခက်အခဲဖြစ်နေသော ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်အတွင်းရှိ ပြည်သူများအား ရေဂါလံ (၁၅၀၀) ပါ (၃) ခေါက်ဖြင့် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #tny_apr 2020 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယခု လတ်တလောဖြစ်ပေါ်နေသော ကူးစက်မြန်ရောဂါ (COVID-19) နှင့်ပတ်သက်၍ (၂၆-၄-၂၀၂၀) ရက်နေ့ ညနေပိုင်းတွင် လင်းခေးမြို့နယ်၊ မြို့မအရှေ့ရပ်ကွက်၌လည်းကောင်း၊ (၂၇-၄-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် လင်းခေးခရိုင်၊ ဝမ်ဟတ် တိုက်နယ်၊ နမ့်တွန်ကျေးရွာတွင်လည်းကောင်း ဗမာ၊ ရှမ်း (၂) ဘာသာဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_apr 2020 Source: လင်းခေးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၂၀) ရက်နေ့တွင် ဝက်လက်မြို့နယ် ၊ရှိမ်းမကားကျေးရွာ၊ ရွာသစ်ကျေးရွာ၊ အင်ဒေါင်းကျေးရွာ၊ မင်းရွာ(တောင်)ရွာ၊ တမာကန်ကျေးရွာ၊ တပ်ရွာအထက်ရွာ၊ တပ်ရွာအောက်ရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံမှုများမဖြစ်ပွားစေနိုင်ရန်အတွက် အများပြည်သူများ အလွယ်တကူသိရှိ လိုက်နာဆောင်ရွက်ရန်များကို အသိပေး ဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_ apr 2020
-
ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDPs စခန်းများ၌ Maskနှင့် ဆပ်ပြာများထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၄-၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ (IDP Camps)၊ (၃) ရပ်ကွက် ကာသိုလိပ်ဘုရားကျောင်း အိမ်ထောင်စု(၃၀)စု လူဦးရေ (၁၃၈)ဦးနှင့် ပန်ကူအိမ်ထောင်စု (၁၀၅)စု လူဦးရေ (၆၃၆)ဦးအား Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက် များကို အသိပညာပေးဟောပြောခြင်းနှင့် အိမ်ထောင်စုတစ်စုလျှင် Mask (၂)ခုနှင့် ဆပ်ပြာခဲ (၁) တောင့်နှုန်း၊ စုစုပေါင်းအိမ်ထောင်စု(၁၃၅)စု လူဦးရေ (၇၇၄)ဦးအတွက် Masksနှင့် ဆပ်ပြာများ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more









