COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယခု လတ်တလောဖြစ်ပေါ်နေသော ကူးစက်မြန်ရောဂါ (COVID-19) နှင့်ပတ်သက်၍ (၂၆-၄-၂၀၂၀) ရက်နေ့ ညနေပိုင်းတွင် လင်းခေးမြို့နယ်၊ မြို့မအရှေ့ရပ်ကွက်၌လည်းကောင်း၊ (၂၇-၄-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် လင်းခေးခရိုင်၊ ဝမ်ဟတ် တိုက်နယ်၊ နမ့်တွန်ကျေးရွာတွင်လည်းကောင်း ဗမာ၊ ရှမ်း (၂) ဘာသာဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#shn_apr 2020
Source: လင်းခေးခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events