လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၄-၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ (IDP Camps)၊ (၃) ရပ်ကွက် ကာသိုလိပ်ဘုရားကျောင်း အိမ်ထောင်စု(၃၀)စု လူဦးရေ (၁၃၈)ဦးနှင့် ပန်ကူအိမ်ထောင်စု (၁၀၅)စု လူဦးရေ (၆၃၆)ဦးအား Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက် များကို အသိပညာပေးဟောပြောခြင်းနှင့် အိမ်ထောင်စုတစ်စုလျှင် Mask (၂)ခုနှင့် ဆပ်ပြာခဲ (၁) တောင့်နှုန်း၊ စုစုပေါင်းအိမ်ထောင်စု(၁၃၅)စု လူဦးရေ (၇၇၄)ဦးအတွက် Masksနှင့် ဆပ်ပြာများ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#otr
#shn_apr2020
Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)