Latest News
-
COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၄-၂၀၂၀) ရက်နေ့တွင် စစ်တွေမြို့ပေါ်ရပ်ကွက်များဖြစ်သော ရွာကြီးတောင် ရပ်ကွက်၊ ရွာကြီးမြောက်ရပ်ကွက်၊ အုန်းတပင်ရပ်ကွက်၊လမ်းသစ်ရပ်ကွက်၊ စက်ရုံစုရပ်ကွက်၊ ကုန်တန်းရပ်ကွက်၊ အောင်မင်္ဂလာ ရပ်ကွက်နှင့် ကျောင်းကြီးလမ်းရပ်ကွက်များသို့သွားရောက်၍ Covid-19 ကူးစက်မြန်ရောဂါနှင့်ပတ်သက်ပြီး အသိပညာပေးခြင်း များ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #rke_apr2020 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍အသိပညာပေးနှိုးဆော်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၄-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ မိုးမိတ်မြို့နယ်၊ ရွှေသဲကျေးရွာ၊ ကောင်ရာကျေးရွာ၊ ရေတံခွန်ကျေးရွာ၊ ဆယ်ဦးကျေးရွာ၊ ကြိမ်တောကျေးရွာနှင့် ပသင်ကျေးရွာတို့တွင် အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများမဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များအား ပြည်သူသို့ ပန်ကြားခြင်းအစီအစဉ်ကို ဆောင်ရွက်ခြင်းနှင့် ဈေးဆိုင်များလိုက်နာရန် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_apr2020
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြိုနယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၄-၂၀၂၀) ရက်နေ့ တွင် ဘိုကလေးမြို့နယ်၊ စံပါယ်ကုန်းကျေးရွာအုပ်စု၊ စံပါယ်ကုန်းကျေးရွာတွင်(၁၃:၀၀)နာရီ၌လည်းကောင်း၊ ဘဝသစ်ကျေးရွာတွင်(၁၄:၀၀)နာရီ၌လည်းကောင်း၊ ငပိချောင်းကလေးကျေးရွာတွင် (၁၅:၃၀)နာရီ၌လည်းကောင်း၊ Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်များနှိုးဆော်ခြင်းအား ကျေးရွာရှိအုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာနေပြည်သူတို့အား အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၄-၂၀၂၀)ရက်နေ့၊ ညနေ (၁၆:၃၀) နာရီအချိန်မှစ၍ ည(၁၉:ဝဝ)နာရီအချိန်ထိ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ဓနုံးချောင်းကျေးရွာ၊ ကျုံဝါး ကျေးရွာ၊ ကြာဖူးငုံလက်ပံကျေးရွာ၊ ကုလားကုန်းလေးကျေးရွာတို့တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တို့ကို ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_apr2020 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ ကူးကားကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပေါက်မြို့ နယ်၊ ကူးကားကျေးရွာအုပ်စု၊ မြေနီ(မ)ကျေးရွာနှင့် မကျီးစုကျေးရွာတို့၌ (၂၇-၄-၂၀၁၉)ရက်နေ့၊ ညနေ (၂၂:၀၀)အချိန်တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော အိမ်ခြေ (၂၈) လုံး၊ ဘုန်းကြီးကျောင်း(၁) ကျောင်း၊ ပြိုကျပျက်စီး အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု (၂၉)စုမှ ကျား(၆၉) ဦး၊ မ(၈၅)ဦး၊ သံဃာ (၁)ပါး၊ စုစုပေါင်း(၁၅၅)ဦးအား အိမ်ဆောက်ပစ္စည်းဖိုး (၁,၂၄၅,၀၀၀/-) ကျပ်၊ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၂၀)ရက်နေ့၊ (၁၇:၀၀)နာရီအချိန်၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ဥဩတန်းကျေးရွာ၊ အင်းတ္တော်လုပ်ကျေးရွာအုပ်စု၊ ကျေးရွာ(၂)ရွာ၊ တက်ဆွဲကျေးရွာအုပ်စု၊ ကျေးရွာ(၃)ရွာတို့တွင် ဖြစ်ပွားခဲ့ သော လေဘေးကြောင့် ပြိုလဲနေအိမ်(၅)လုံးနှင့် အမိုးလန်နေအိမ်(၃)လုံးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၄၀,၀၀၀)ကျပ်၊ အိမ်ထောင်စု(၅)စုရှိ လူဦးရေ(၂၇)ဦးတို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၅၆,၇၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၉၆,၇၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (ပလပ်စတစ်ပုံးအပါ) (၅) အိမ်ထောင်စုစာတို့ကို (၂၉-၄-၂၀၂၀)ရက်နေ့ … Read more









