လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ ကူးကားကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပေါက်မြို့ နယ်၊ ကူးကားကျေးရွာအုပ်စု၊ မြေနီ(မ)ကျေးရွာနှင့် မကျီးစုကျေးရွာတို့၌ (၂၇-၄-၂၀၁၉)ရက်နေ့၊ ညနေ (၂၂:၀၀)အချိန်တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော အိမ်ခြေ (၂၈) လုံး၊ ဘုန်းကြီးကျောင်း(၁) ကျောင်း၊ ပြိုကျပျက်စီး အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု (၂၉)စုမှ ကျား(၆၉) ဦး၊ မ(၈၅)ဦး၊ သံဃာ (၁)ပါး၊ စုစုပေါင်း(၁၅၅)ဦးအား အိမ်ဆောက်ပစ္စည်းဖိုး (၁,၂၄၅,၀၀၀/-) ကျပ်၊ ကျောင်းဆောက်ပစ္စည်းဖိုး (၉၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၇) ရက်စာ (၃၂၅,၅၀၀/-)ကျပ်၊ ကယ်ဆယ် ရေးပစ္စည်း(၁၅)မျိုးပါ (ပလပ်စတစ်ပုံး) အိမ်ထောင်စု (၁)စုစာ၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၆၆၀,၅၀၀/-) ကျပ်တို့ကို (၂၉-၄-၂၀၁၉) ရက်နေ့ မွန်းလွဲ(၁၄:၀၀) အချိန်တွင် ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#mgy_apr2020
Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events