လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၂၀)ရက်နေ့၊ (၁၇:၀၀)နာရီအချိန်၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ဥဩတန်းကျေးရွာ၊ အင်းတ္တော်လုပ်ကျေးရွာအုပ်စု၊ ကျေးရွာ(၂)ရွာ၊ တက်ဆွဲကျေးရွာအုပ်စု၊ ကျေးရွာ(၃)ရွာတို့တွင် ဖြစ်ပွားခဲ့ သော လေဘေးကြောင့် ပြိုလဲနေအိမ်(၅)လုံးနှင့် အမိုးလန်နေအိမ်(၃)လုံးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၄၀,၀၀၀)ကျပ်၊ အိမ်ထောင်စု(၅)စုရှိ လူဦးရေ(၂၇)ဦးတို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၅၆,၇၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၉၆,၇၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (ပလပ်စတစ်ပုံးအပါ) (၅) အိမ်ထောင်စုစာတို့ကို (၂၉-၄-၂၀၂၀)ရက်နေ့ (၁၄:၃ဝ)နာရီအချိန်တွင် လေဘေး သင့်နေအိမ်၌ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ် အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)